Titus 1
1 မုသာ နှင့် ကင်းစင် တော်မူ သော ဘုရားသခင် သည်၊ ရှေး ကပ်ကာလ မ ရောက်မှီ ဂတိ ထားတော်မူ၍၊ ငါ တို့ကိုကယ်တင် သော အရှင်ဘုရားသခင် ၏ ပညတ် တော်အတိုင်း
2 ငါ ၌အပ် ထားသော တရား ဟောခြင်း၊ အခွင့်အားဖြင့် တော်လျော်သောအချိန် ၌၊ နှုတ်ကပတ် တရားတော်ကို ထင်ရှား စေတော်မူသောအရာနှင့် စပ်ဆိုင်သောထာဝရ အသက် ကို မြော်လင့် သည်ဖြစ်၍၊ ဘုရား ဝတ်၌ မွေ့လျော်ခြင်းနှင့်ဆိုင်သော သမ္မာတရား ကိုဝန်ခံ ခြင်းအလိုငှာ၎င်း
3 ဘုရားသခင် ရွေးကောက် တော်မူသော သူတို့၏ ယုံကြည် ခြင်းအလိုငှာ ၎င်း၊ ဘုရားသခင် ၏ ကျွန် တည်းဟူသော၊ ယေရှု ခရစ် ၏ တမန်တော် ဖြစ်သောငါပေါလု သည်
4 ဆက်ဆံ သောယုံကြည် ခြင်းအားဖြင့် ငါ့သား စစ် ဖြစ်သော တိတု ကိုကြားလိုက်ပါ၏။ ငါ တို့ကိုကယ်တင် တော်မူသော အရှင်သခင်ယေရှု ခရစ် နှင့် ခမည်းတော် ဘုရားသခင့် အထံ တော်က ကျေးဇူး ၊ ကရုဏာ၊ ငြိမ်သက် ခြင်းရှိပါစေသော။
5 ငါ သည် သင့် ကို မှာထား ခဲ့နှင့်သည်အတိုင်း ၊ ကရေတေ ကျွန်း၌ မ စုံလင်သမျှ တို့ကို ပြင်ဆင် ၍ ၊ မြို့ ရွာ များ၌ သင်းအုပ် တို့ကို ခန့်ထား စေခြင်းငှာ ၊ ထို ကျွန်း၌ သင့် ကို ငါထား ခဲ့သတည်း။
6 အပြစ်တင် ခွင့်နှင့်ကင်းလွတ်သောသူ၊ မယား တစ်ယောက်တည်း ရှိသောသူ ဖြစ် လျှင် ၎င်း၊ သူ၏သားသမီး တို့သည် ကာမဂုဏ်၌ လွန်ကျူး သည်ဟု အပြစ်တင် ခြင်း၊ နား မထောင်ခြင်းနှင့် လွတ်၍ ယုံကြည် လျှင်၎င်း၊ ထိုသို့သောသူကို ခန့်ထားအပ်၏။
7 အကြောင်းမူကား ၊ သင်းအုပ် သည် ဘုရားသခင် ၏ ဘဏ္ဍာစိုး ကဲ့သို့ ၊ အပြစ်တင် ခွင့်နှင့် ကင်းလွတ်သော သူဖြစ် ရမည်။ ကိုယ် အလိုသို့ လိုက်တတ်သောသူ၊ စိတ်တို သောသူ၊ စပျစ်ရည် နှင့်ပျော်မွေ့သောသူ၊ သူတစ်ပါး ကို ရိုက်ပုတ်သောသူ၊ မ စင်ကြယ်သောစီးပွားကို တပ်မက်သောသူ မ ဖြစ် ရဘဲ
8 ဧည့်သည် ဝတ်ကိုပြုတတ်သောသူ၊ သူတော်ကောင်း နှင့်အဆွေဖွဲ့သောသူ၊ ဣန္ဒြေ စောင့်သောသူ၊ ဖြောင့်မတ် သောသူ၊ သန့်ရှင်း သောသူ၊ ကာမဂုဏ် ကို ချုပ်တည်းသောသူဖြစ်ရမည်။
9 စင်ကြယ် သော ဩဝါဒ အားဖြင့် တိုက်တွန်း သွေးဆောင်ခြင်းငှာ၎င်း၊ ငြင်းခုံ သောသူ တို့၏ စကား ကို ချေခြင်းငှာ၎င်း တတ်နိုင် မည်အကြောင်း ၊ ကိုယ်တိုင်သင်ပြီးသောသစ္စာစကားတော်ကို အမြဲစွဲလမ်းသောသူ ဖြစ် ရမည်။
10 အကြောင်းမူကား၊ နား မထောင်ဘဲအချည်းနှီးသော စကားကိုပြော၍၊ လှည့်ဖြား တတ်သောသူအများ ရှိကြ၏။ အရေဖျားလှီး ခြင်းကို ခံသောသူ တို့တွင်လည်း အထူးသဖြင့် ရှိကြ၏။
11 ထိုသူ တို့၏နှုတ် ကိုပိတ်ရ မည်။ သူတို့သည် မ စင်ကြယ်သော စီးပွား ကိုတပ်မက်လျက်၊ မ ပေးအပ်သော ဩဝါဒ ကိုပေး၍၊ တစ်အိမ်ထောင် လုံး ကို မှောက်လှန် တတ်ကြ၏။
12 သူ တို့အပါအဝင် ၊ အမျိုးသား ချင်းပရောဖက် ဆရာတယောက်က၊ ကရက် သားမြဲ ၊ မုသာ စွဲလမ်း၊ သားရဲ ကြမ်းကြုတ် ၊ စားကြူး တုတ်တုတ်၊ လူယုတ် ပေဟု စပ်ဆို သတည်း။
13 ဤ သက်သေ မှန် ၏။ ထိုကြောင့် ၊ သူ တို့သည် ယုဒ ဒဏ္ဍာရီ စကားကို၎င်း ၊ သမ္မာတရား ကိုစွန့် သောလူ တို့၏ ပညတ် တို့ကို၎င်း
14 အမှု မ ထားဘဲ ယုံကြည် ခြင်းအမှု၌ စင်ကြယ် စေခြင်းငှာ ၊ သူတို့ကို ကျပ်တည်း စွာ ဆုံးမ ပြစ်တင်လော့။
15 စင်ကြယ် သောသူတို့အား ခပ်သိမ်း သောအရာတို့သည် စင်ကြယ် လျက်ရှိကြ၏။ မ စင်ကြယ်၊ မယုံကြည် သောသူတို့အား အဘယ် အရာမျှမစင်ကြယ် ။ သူ တို့၏ နှလုံးလည်း မ စင်ကြယ်။ ကိုယ်ကိုကိုယ် သိသောစိတ် လည်း မစင်ကြယ်။
16 သူတို့သည် ဘုရားသခင် ကို သိ ယောင်ဆောင် သော်လည်း ။ အကျင့် အားဖြင့်ဘုရားသခင်ကို ငြင်းပယ် ကြ၏။ စက်ဆုပ် ရွံ့ရှာဘွယ်သောသူ၊ နားမထောင် သောသူ၊ ကောင်း သောအမှု တစ်ခုကိုမျှ ပြုတတ်သော ဉာဏ် မရှိသောသူဖြစ် ကြ၏။
Public domain (1840). Unmodified copy of the official eBible.org distribution.
Chapters
Also in
- World English Bible (with Deuterocanon)
- King James Version (with Apocrypha)
- Berean Standard Bible
- American Standard Version (1901)
- Douay-Rheims (Challoner revision, with Deuterocanon)
- Literal Standard Version
- Young's Literal Translation
- Geneva Bible (1599)
- Majority Standard Bible
- Darby Translation
- Noah Webster Bible (1833)
- Revised Version with Apocrypha (1895)
- Tyndale New Testament (1534)
- American Standard Version, Byzantine Text (with Deuterocanon)
- Reina-Valera 1909
- La Biblia en Español Sencillo
- Palabra de Dios para ti
- Biblica® Open Nueva Biblia Viva (2008)
- Santa Biblia libre para el mundo (con deuterocanónicos)
- Santa Biblia libre Latinoamericano (con deuterocanónicos)
- Greek New Testament: Patriarchal Text (1904)
- Greek New Testament: Textus Receptus
- Greek New Testament: Tischendorf (8th edition, 1869-1872)
- Latin Vulgate (Clementine, 1592-1598)
- Синодальный перевод (Russian Synodal, 1876)
- Свето писмо, превод Даничић-Караџић (Serbian, 1868)
- Біблія, переклад Куліша і Пулюя (Ukrainian, 1905)
- الكتاب المقدس، ترجمة فان دايك (Arabic Van Dyck, 1865)
- Coptic New Testament (Bohairic)
- Lutherbibel 1912 (German)
- Unrevidierte Elberfelder (German, 1905)
- Louis Segond 1910 (French)
- Bible Ostervald (French)
- Bible J. N. Darby (French, 1885)
- Bibbia Diodati (Italian, 1641, revised 1885)
- Bibbia Riveduta (Italian, 1927)
- Bíblia Portuguesa Mundial (Portuguese, with Deuterocanon)
- Bible kralická (Czech, 1613)
- De Heilige Schrift (Dutch, 1917)
- 성경전서 (Korean, 1911)
- Kinh Thánh (Vietnamese, 1925)
- ترجمه قدیم (Old Persian Version, 1895)
- Baibala Hemolele (Hawaiian, 1868)