Jonah 1
1 အမိတ္တဲ ၏သား ယောန သို့ ရောက် လာသောထာဝရဘုရား ၏ နှုတ်ကပတ် တော်ဟူမူကား၊
2 သင်ထ ၍ နိနေဝေ မြို့ ကြီး သို့ သွား ပြီးလျှင် ၊ ခြိမ်းချောက် သောစကားနှင့် ကြွေးကြော် လော့။ ထိုမြို့ပြုသောဒုစရိုက် အပြစ်သည် ငါ့ ရှေ့ သို့ တက် လာပြီဟု မိန့် တော်မူ၏။
3 သို့သော်လည်း ၊ ယောန သည် ထာဝရဘုရား ထံ တော်မှ တာရှု မြို့သို့ ပြေး မည့် အကြံရှိသည်နှင့် ထ လျက် ယုပ္ပေ မြို့သို့သွား ၍ ရောက်သဖြင့် ၊ တာရှု မြို့သို့သွား သော သင်္ဘော ကို တွေ့ကြုံ ၍ သင်္ဘော ခ ကို ပေး ပြီးလျှင် ၊ ထာဝရဘုရား ထံ တော်မှ သင်္ဘောသား တို့နှင့်အတူ တာရှု မြို့သို့ လိုက် ခြင်းငှါ သင်္ဘော ကို စီး လေ၏။
4 ထာဝရဘုရား သည်လည်း ပြင်းစွာ သောလေ ကို ပင်လယ် ပေါ် သို့ စေလွှတ် တော်မူသဖြင့် ၊ ပင်လယ် ၌ ကြီးစွာ သော မိုဃ်းသက်မုန်တိုင်း ဖြစ် ၍ ၊ သင်္ဘော သည် ပျက် လုသောလက္ခဏာ ရှိ၏။
5 ထိုအခါ သင်္ဘောသား တို့သည် ကြောက်ရွံ့ ၍ အသီးအသီး မိမိ တို့ဘုရား ကို အော်ဟစ် ကြ၏။ သင်္ဘော ပေါ့ စေခြင်းငှါ ဝန် များကိုလည်း ပင်လယ် ထဲ သို့ ပစ်ချ ကြ ၏။ ယောန မူကား ၊ သင်္ဘော ဝမ်း ထဲ သို့ ဆင်း ၍ အိပ်ပျော် လျက်နေ၏။
6 သင်္ဘော သူကြီးသည် လာ ၍ ၊ အိုအိပ်ပျော် သောသူ ၊ အဘယ်သို့ နည်း။ ထ လော့။ သင် ၏ဘုရား ကို ဆုတောင်း လော့။ ငါတို့အသက် လွတ်စေခြင်းငှါထိုဘုရား သည် ငါ တို့ ကို အောက်မေ့ ကောင်း အောက်မေ့လိမ့်မည်ဟု ဆို ၏။
7 နောက် တဖန် သူတို့က၊ လာ ကြ။ အဘယ်သူ ၏ အပြစ် ကြောင့် ဤ အမှုရောက်သည်ကို ငါတို့သိ ရမည်အကြောင်း စာရေးတံ ချ ကြကုန်အံ့ဟု တိုင်ပင် ၍ ၊ စာရေးတံ ချ လျှင် ယောန ၌ စာရေးတံ ကျ ၏။
8 တဖန် သူတို့က၊ အဘယ်အပြစ် ကြောင့် ဤ အမှု ရောက်သည် ကို ပြော ပါလော့။ သင် ဆောင်ရွက်သောအမှု ကား၊ အဘယ် အမှုနည်း။ သင်သည် အဘယ် အရပ်က လာ သနည်း။ အဘယ် ပြည် ၊ အဘယ် အမျိုးသား ဖြစ်သနည်း ဟု မေးမြန်း ကြသော်၊
9 ငါ သည် ဟေဗြဲ အမျိုးသားဖြစ်၏။ ရေ မြေ ကို ဖန်ဆင်း တော်မူ သောကောင်းကင် ဘုံ၏အရှင်ဘုရား သခင်ထာဝရဘုရား ကို ကိုးကွယ် သောသူဖြစ်၏ဟု ဆို လျှင် ၊
10 ထိုသူတို့သည် အလွန် ကြောက်ရွံ့ ၍ ၊ သင်သည် အဘယ်ကြောင့် ဤ သို့ပြု သနည်းဟုမေး ကြ၏။ ယောန သည် ထာဝရဘုရား ထံ တော်မှ မိမိ ပြေး ကြောင်းကို ဘော်ပြ သောကြောင့် သူတို့သိ ကြ၏။
11 ထိုအခါ ပင်လယ် ၌ လှိုင်းတံပိုးသည် တိုး ၍ ထ သောကြောင့် သူတို့က၊ ငါ တို့၌ လှိုင်းတံပိုးငြိမ်း စေခြင်းငှါ သင့် ကို အဘယ်သို့ ပြု ရပါမည်နည်းဟုမေး ကြသော် ၊
12 ငါ့ ကိုချီ ၍ ပင်လယ် ထဲ သို့ ချ ပစ်ကြလော့။ သို့ပြုလျှင် ၊ လှိုင်းတံပိုးသည် သင် တို့၌ ငြိမ်း လိမ့်မည်။ ဤ ပြင်းစွာ သော မိုဃ်းသက်မုန်တိုင်း သည် ငါ့ ကြောင့် သာ သင် တို့အပေါ် သို့ ရောက်သည်ကို ငါ သိ ၏ဟု ပြန်ပြော သော်လည်း ၊
13 သင်္ဘောသား တို့သည် ကမ်း သို့ ရောက် အံ့သောငှါ ပင်ပန်းစွာ တက် ခတ်ကြ၏။ သို့ရာတွင် ၊ သူ တို့တဘက် ၌ လှိုင်းတံပိုးတိုး ၍ ထ သောကြောင့် ၊ သူတို့သည် မ တတ်နိုင် သောအခါ ၊
14 အို ထာဝရဘုရား ၊ အကျွန်ုပ်တို့သည် တောင်းပန် ပါ၏။ ဤ သူ ၏အသက် ကြောင့် အကျွန်ုပ်တို့သည် အကျိုး နည်း မ ဖြစ်ပါစေနှင့်။ အပြစ် မရှိသောသူ၏အသက် သတ် သောအပြစ်ကို အကျွန်ုပ် တို့၌ တင် တော်မ မူပါနှင့်။ အိုထာဝရဘုရား ၊ ကိုယ်တော်သည် အလို ရှိတော်မူသည် အတိုင်း ပြု တော်မူ၏ဟု ထာဝရဘုရား အား ကြွေးကြော် တောင်းပန် ပြီးမှ ၊
15 ယောန ကိုချီ ၍ ပင်လယ် ထဲ သို့ ချ ပစ်ကြ၏။ ထိုအခါ ပင်လယ် လှိုင်းတံပိုးသည် ငြိမ်း လေ၏။
16 သင်္ဘောသား တို့သည်လည်း ထာဝရဘုရား ကို အလွန် ကြောက်ရွံ့ သဖြင့် ယဇ် ပူဇော် ၍ သစ္စာ ဂတိထားကြ ၏။
17 ယောန ကို မျို စေခြင်းငှါ ငါး ကြီး ကို ထာဝရဘုရား ခန့် ထားတော်မူသည်နှင့်အညီ ၊ ယောန သည် ငါး ၏ဝမ်း ထဲမှာ သုံး ရက် ပတ်လုံးနေ ရ၏။
Public domain (1840). Unmodified copy of the official eBible.org distribution.
Chapters
Also in
- World English Bible (with Deuterocanon)
- King James Version (with Apocrypha)
- Berean Standard Bible
- American Standard Version (1901)
- Douay-Rheims (Challoner revision, with Deuterocanon)
- Literal Standard Version
- Young's Literal Translation
- Geneva Bible (1599)
- Brenton Septuagint Translation
- Majority Standard Bible
- Darby Translation
- Noah Webster Bible (1833)
- Revised Version with Apocrypha (1895)
- JPS Tanakh (1917)
- American Standard Version, Byzantine Text (with Deuterocanon)
- Updated Brenton English Septuagint
- Leeser Tanakh (1853)
- Reina-Valera 1909
- La Biblia en Español Sencillo
- Palabra de Dios para ti
- Biblica® Open Nueva Biblia Viva (2008)
- Santa Biblia libre para el mundo (con deuterocanónicos)
- Santa Biblia libre Latinoamericano (con deuterocanónicos)
- Septuagint (Greek)
- Hebrew Old Testament: Westminster Leningrad Codex
- Latin Vulgate (Clementine, 1592-1598)
- Синодальный перевод (Russian Synodal, 1876)
- Свето писмо, превод Даничић-Караџић (Serbian, 1868)
- Біблія, переклад Куліша і Пулюя (Ukrainian, 1905)
- الكتاب المقدس، ترجمة فان دايك (Arabic Van Dyck, 1865)
- Lutherbibel 1912 (German)
- Unrevidierte Elberfelder (German, 1905)
- Louis Segond 1910 (French)
- Bible Ostervald (French)
- Bible J. N. Darby (French, 1885)
- Bibbia Diodati (Italian, 1641, revised 1885)
- Bibbia Riveduta (Italian, 1927)
- Bíblia Portuguesa Mundial (Portuguese, with Deuterocanon)
- Bible kralická (Czech, 1613)
- De Heilige Schrift (Dutch, 1917)
- 성경전서 (Korean, 1911)
- Kinh Thánh (Vietnamese, 1925)
- ترجمه قدیم (Old Persian Version, 1895)
- Baibala Hemolele (Hawaiian, 1868)