Hosea 1
1 ယုဒ ရှင်ဘုရင် ဩဇိ မင်း၊ ယောသံ မင်း၊ အာခတ် မင်း၊ ဟေဇကိ မင်း၊ ဣသရေလ ရှင်ဘုရင် ယောရှ သား ယေရောဗောင် မင်းတို့လက်ထက် ၊ ဗေရိ ၏ သား ဟောရှေ သို့ ရောက် လာသော ထာဝရဘုရား ၏ နှုတ်ကပတ် တော် အစအဦးဟူမူကား၊
2 သင် သွား ၍ ပြည်တန်ဆာ မိန်းမ နှင့်တကွ သူဘွားမြင်သော သားသမီး တို့ကို သိမ်းပိုက် လော့။ အကြောင်း မူကား၊ ပြည်သား တို့သည် ထာဝရဘုရား ကိုစွန့်ပစ် ၍ အထပ်ထပ်မှားယွင်း ကြပြီဟု ဟောရှေ အား မှာ ထားတော်မူသည် အတိုင်း ၊
3 ဟောရှေသည်သွား ၍ ဒိဗလိမ် သမီး ဂေါမာ ကို သိမ်းပိုက် သဖြင့် ၊ သူသည် ပဋိသန္ဓေ ယူ၍ ဟောရှေ ၌ သား ယောက်ျားကို ဘွားမြင် လေ၏။
4 ထာဝရဘုရား ကလည်း ၊ ထို သားကို ယေဇရေလ အမည် ဖြင့် မှည့် လော့။ အကြောင်း မူကား၊ ခဏကြာ ပြီးမှ ယေဇရေလ အသက် ကိုသတ်သောအပြစ်ကြောင့်၊ ယေဟု အမျိုး ကို ငါသည် ဒဏ်ပေး ၍ ဣသရေလ အမျိုး ၏ နိုင်ငံ ကို ဆုံး စေမည်။
5 ဣသရေလ လေး ကို ယေဇရေလ ချိုင့် ၌ ငါချိုး သောနေ့ ခြင်းတွင် ထို အမှုပြည့်စုံ လိမ့်မည်ဟု မိန့် တော်မူ ၏။
6 တဖန် ပဋိသန္ဓေ ယူ၍ သမီး ကိုဘွားမြင် လေ၏။ ထို သမီးကို လောရုဟာမာ အမည် ဖြင့် မှည့် လော့။ အကြောင်း မူကား၊ ငါသည် ဣသရေလ အမျိုး ကို နောက် တဖန် မ သနား မစုံမက်ဘဲ ဧကန်အမှန်ပယ်ရှင်း မည်။
7 ယုဒ အမျိုး ကိုကား ၊ သနား စုံမက်ဦးမည်။ သို့ရာတွင် ၊ လေး ၊ ထား ၊ စစ်တိုက် လက်နက်၊ မြင်း ၊ မြင်း စီးသူရဲ အားဖြင့် မ ကယ်တင် ၊ သူ တို့၏ ဘုရား သခင်ထာဝရဘုရား အားဖြင့် ကယ်တင် မည်ဟု မိန့် တော်မူ၏။
8 လောရုဟာမာ ကို နို့ ခွါသောအခါ ၊ အမိသည် ပဋိသန္ဓေ ယူပြန်၍ သား ယောက်ျားကို ဘွားမြင် လေ၏။
9 ထို သားကိုလောအမ္မိ အမည် ဖြင့် မှည့် လော့။ အကြောင်း မူကား၊ သင် တို့သည် ငါ ၏လူ မ ဟုတ်။ ငါ သည် လည်း သင် တို့၏ ဘုရားသခင်မ ဟုတ် ။
10 သို့ရာတွင် ၊ ဣသရေလ အမျိုးသား တို့သည် မ ခြင် နိုင်၊ မ ရေတွက် နိုင်သော သမုဒ္ဒရာ သဲလုံး နှင့်အမျှ များ ကြလိမ့်မည်။ သင် တို့သည် ငါ ၏ လူ မ ဟုတ်ဟု ထိုသူ တို့အား ပြောဆို ရာ အရပ် ၌ ပင်လျှင်၊ သူ တို့သည် အသက်ရှင် တော်မူသောဘုရား သခင်၏သား ဟု ခေါ်ဝေါ် ခြင်းကိုခံရကြလိမ့်မည်။
11 ထိုအခါ ယုဒ အမျိုးသား တို့နှင့် ဣသရေလ အမျိုးသား တို့သည် စုဝေး ပေါင်းဘော်၍ ၊ မင်း တဦးတည်း ကို ချီးမြှောက် သဖြင့် ထိုပြည် ထဲက ထွက်လာ ကြ လိမ့်မည်။ ယေဇရေလ နေ့ သည် ကြီးမြတ် သောနေ့ဖြစ်ရလိမ့်မည်ဟု မိန့်တော်မူ၏။
Public domain (1840). Unmodified copy of the official eBible.org distribution.
Chapters
Also in
- World English Bible (with Deuterocanon)
- King James Version (with Apocrypha)
- Berean Standard Bible
- American Standard Version (1901)
- Douay-Rheims (Challoner revision, with Deuterocanon)
- Literal Standard Version
- Young's Literal Translation
- Geneva Bible (1599)
- Brenton Septuagint Translation
- Majority Standard Bible
- Darby Translation
- Noah Webster Bible (1833)
- Revised Version with Apocrypha (1895)
- JPS Tanakh (1917)
- American Standard Version, Byzantine Text (with Deuterocanon)
- Updated Brenton English Septuagint
- Leeser Tanakh (1853)
- Reina-Valera 1909
- La Biblia en Español Sencillo
- Palabra de Dios para ti
- Biblica® Open Nueva Biblia Viva (2008)
- Santa Biblia libre para el mundo (con deuterocanónicos)
- Santa Biblia libre Latinoamericano (con deuterocanónicos)
- Septuagint (Greek)
- Hebrew Old Testament: Westminster Leningrad Codex
- Latin Vulgate (Clementine, 1592-1598)
- Синодальный перевод (Russian Synodal, 1876)
- Свето писмо, превод Даничић-Караџић (Serbian, 1868)
- Біблія, переклад Куліша і Пулюя (Ukrainian, 1905)
- الكتاب المقدس، ترجمة فان دايك (Arabic Van Dyck, 1865)
- Lutherbibel 1912 (German)
- Unrevidierte Elberfelder (German, 1905)
- Louis Segond 1910 (French)
- Bible Ostervald (French)
- Bible J. N. Darby (French, 1885)
- Bibbia Diodati (Italian, 1641, revised 1885)
- Bibbia Riveduta (Italian, 1927)
- Bíblia Portuguesa Mundial (Portuguese, with Deuterocanon)
- Bible kralická (Czech, 1613)
- De Heilige Schrift (Dutch, 1917)
- 성경전서 (Korean, 1911)
- Kinh Thánh (Vietnamese, 1925)
- ترجمه قدیم (Old Persian Version, 1895)
- Baibala Hemolele (Hawaiian, 1868)