2 John 1
1 အသက်ကြီး သူ သည် မြတ်သော သခင်မ ကို၎င်း ၊ သားသမီး တို့ကို ၎င်း ကြား လိုက်ပါ ၏။ ငါ တို့၌ တည် ၍ ငါ တို့တွင် အစဉ်မပြတ် ရှိ လတံ့သော သမ္မာတရား ကြောင့် ၊
2 ငါ မှစ၍ သမ္မာတရား ကို သိ သောသူ အပေါင်း တို့ သည်၊ သခင်မ နှင့် သားသမီး တို့၌ မှန်ကန် သောချစ် ခြင်း မေတ္တာ ရှိပါ၏။
3 ခမည်းတော် ဘုရား ထံ တော်က၎င်း ၊ ခမည်းတော် ၏သား တော်ယေရှု ခရစ် အထံ က၎င်း၊ သမ္မာတရား ၊ မေတ္တာ တရားနှင့်တကွ ၊ ကျေးဇူး ၊ ကရုဏာ ၊ ငြိမ်သက် ခြင်းသည် သင်တို့၌ ရှိ ပါစေသော။
4 ငါတို့သည် ခမည်းတော် ဘုရားထံ၌ ပညတ် တော်ကို ခံရ သည်အတိုင်း ၊ သင် ၏သားသမီး အချို့ တို့သည် သမ္မာတရား ၌ ကျင်လည် ၍ နေသည်ကို ငါတွေ့ သောအခါ၊ အလွန် ဝမ်းမြောက် ခြင်းရှိ၏။
5 ယခု တွင် ပညတ် တော်သစ် ကို မ ရေး ဘဲလျက် ၊ ငါတို့၌ရှေ့ဦးစွာ ကပင် ရှိ သော ပညတ်တော် ကို ရေးထား ၍၊ သခင်မ ၊ အချင်းချင်း ချစ် ခြင်းမေတ္တာရှိကြကုန်အံ့ဟု ငါတောင်းပန် ၏။
6 ပညတ် တော်တို့အတိုင်း ကျင့်စောင့် ခြင်းအရာ သည် ချစ် ရာရောက် ၏။ သင်တို့သည် ပညတ် တော်နှင့်အညီကျင့် မည်အကြောင်း ၊ ရှေ့ဦးစွာ ကပင် သင် တို့ ကြားရသည်အတိုင်း ၊ ပညတ် တော်သည်ထိုသို့သောသဘောရှိ ၏။
7 လူဇာတိ အားဖြင့် ကြွလာ တော်မူသော ယေရှု ခရစ် ကို ငြင်းပယ် လျက်၊ လှည့်ဖြား သော သူအများ တို့သည် လောက ထဲသို့ ဝင် ကြပြီ။ ထိုသို့သောသူသည် လှည့်ဖြား သောသူ ဖြစ် ၏။ အန္တိခရစ် လည်း ဖြစ်၏။
8 ငါတို့သည် ကိုယ်ပြုစု သောအရာ မ ပျောက် မပျက်၊ စုံလင် သောအကျိုး ကို ရ မည်အကြောင်း ၊ သင် တို့သည် ကိုယ်ကိုကိုယ်သတိပြု၍ စောင့်ရှောက် ကြလော့။
9 ခရစ်တော် ၏ဒေသနာ ၌ မ တည် ဘဲ လွန်ကျူး သောသူ မည်သည်ကား၊ ဘုရားသခင် ကိုမ သိ ။ ခရစ်တော်ဒေသနာ ၌ တည် သောသူ သည် ခမည်းတော် နှင့် သား တော်ကိုသိ ၏။
10 ထို ဒေသနာ တော်မ ပါ သောသူ သည် သင် တို့ထံသို့ လာ လျှင် ၊ သူ့ ကိုသင့်အိမ် ၌ လက် မ ခံနှင့်။ မင်္ဂလာရှိစေသောဟု နှုတ် မ ဆက်နှင့်။
11 မင်္ဂလာရှိစေသောဟုထိုသူ ကိုနှုတ်ဆက် လျှင် ၊ သူ ၏ဆိုးယုတ် သောအကျင့် တို့နှင့် ဆက်ဆံ ရာသို့ ရောက်၏။
12 သင် တို့အား ငါရေး စရာအကြောင်း အများ ရှိ သော်လည်း ၊ စက္ကူ ပေါ်၌မှင် နှင့်ရေးခြင်းငှာအလို မ ရှိ၊ သင် တို့ဆီသို့ ငါလာ၍၊ အချင်းချင်း အားရဝမ်းမြောက် ခြင်းစုံလင် မည်အကြောင်း ၊ သင်တို့နှင့် နှုတ်ဆက်၍ စကားပြော မည်ဟုမြော်လင့် လျက်နေ ၏။
13 သင် ၏မြတ်သောညီမ ၏ သားသမီး တို့သည် သင့် ကိုနှုတ်ဆက် ကြ၏။
Public domain (1840). Unmodified copy of the official eBible.org distribution.
Chapters
Also in
- World English Bible (with Deuterocanon)
- King James Version (with Apocrypha)
- Berean Standard Bible
- American Standard Version (1901)
- Douay-Rheims (Challoner revision, with Deuterocanon)
- Literal Standard Version
- Young's Literal Translation
- Geneva Bible (1599)
- Majority Standard Bible
- Darby Translation
- Noah Webster Bible (1833)
- Revised Version with Apocrypha (1895)
- Tyndale New Testament (1534)
- American Standard Version, Byzantine Text (with Deuterocanon)
- Reina-Valera 1909
- La Biblia en Español Sencillo
- Palabra de Dios para ti
- Biblica® Open Nueva Biblia Viva (2008)
- Santa Biblia libre para el mundo (con deuterocanónicos)
- Santa Biblia libre Latinoamericano (con deuterocanónicos)
- Greek New Testament: Patriarchal Text (1904)
- Greek New Testament: Textus Receptus
- Greek New Testament: Tischendorf (8th edition, 1869-1872)
- Latin Vulgate (Clementine, 1592-1598)
- Синодальный перевод (Russian Synodal, 1876)
- Свето писмо, превод Даничић-Караџић (Serbian, 1868)
- Біблія, переклад Куліша і Пулюя (Ukrainian, 1905)
- الكتاب المقدس، ترجمة فان دايك (Arabic Van Dyck, 1865)
- Coptic New Testament (Bohairic)
- Lutherbibel 1912 (German)
- Unrevidierte Elberfelder (German, 1905)
- Louis Segond 1910 (French)
- Bible Ostervald (French)
- Bible J. N. Darby (French, 1885)
- Bibbia Diodati (Italian, 1641, revised 1885)
- Bibbia Riveduta (Italian, 1927)
- Bíblia Portuguesa Mundial (Portuguese, with Deuterocanon)
- Bible kralická (Czech, 1613)
- De Heilige Schrift (Dutch, 1917)
- 성경전서 (Korean, 1911)
- Kinh Thánh (Vietnamese, 1925)
- ترجمه قدیم (Old Persian Version, 1895)
- Baibala Hemolele (Hawaiian, 1868)